ဇန်နဝါရီလ ၂၁ ရက်တွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မတီအဖွဲ့ဝင်များနှင့်အတူ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)ကို သွားရောက်၍ စက်နှင့်စက်ပစ္စည်းကိရိယာများ စစ်ဆေးဆေးပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေသည့် သံရည်ကျိုလုပ်ငန်းတွင် အသုံးပြုမည့် စက်မှုလုပ်ငန်းသုံးရေစစ်ကန်ကိုလည်းကောင်း၊ အဝင်ဓာတ်အားလိုင်း လက်ခံဖြန့်ဖြူးခွဲရုံ တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ ကျောက်မီးသွေးကြိတ်ခွဲ ပြုပြင်ရေးအလုပ်ရုံ၊ သံသတ္တုရိုင်းအခြောက်ခံအလုပ်ရုံ၊ သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ အလိုအလျောက်မီးငြိှမ်းသတ်ရေးအလုပ်ရုံ၊ အမှတ် (၂) ပန့်အလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။
အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)၏ အဓိကထုတ်ကုန်များဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝသံယံဇာတ ကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံ အပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး အလုပ်ရုံခွဲ ၁၉ ရုံအား ဝန်မပါစမ်းသပ်လည်ပတ်ခဲ့ပြီးဖြစ်၍ ကျန်ရှိနေသည့် အလုပ်ရုံ ၃ ရုံကို ရုရှား နိုင်ငံမှပညာရှင်များ၊ မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁-၂၀၂၃)
- အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)၏ အဓိကထုတ်ကုန်များဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝသံယံဇာတ ကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျို အလုပ်ရုံ အပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး အလုပ်ရုံခွဲ ၁၉ ရုံအား ဝန်မပါစမ်းသပ်လည်ပတ်ခဲ့ပြီးဖြစ်၍ ကျန်ရှိနေသည့် အလုပ်ရုံ ၃ ရုံကို ရုရှားနိုင်ငံမှပညာရှင်များ၊ မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်။
Add new comment