(၇၄) နှစ်မြောက် တပ်မတော်(ရေ)နေ့အထိမ်းအမှတ် ရေငုပ်သင်္ဘောစစ်ရေယာဉ်နှင့် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

ဒီဇင်ဘာလ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်သော (၇၄)နှစ်မြောက် တပ်မတော်(ရေ)နေ့အထိမ်းအမှတ် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုခဲ့ပါသည်။

အစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော် ဝင်စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင် ပြခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ် ပုံစံငယ်များကို ဂါရဝပြုပေးအပ်ခြင်းနှင့် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာပြီး တပ်တော်ဝင်အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) ၏ အမည်ကမ္ဗည်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး စစ်ရေယာဉ်မှူးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များဖြစ်သည့် ရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲကျော်ထင်)အပါအဝင် ကမ်းလွန်ရေယာဉ် ၁ စီး၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် ၂ စီးနှင့် မြစ်တွင်း  အမြန်သွား ကင်းလှည့်ရေယာဉ် ၂ စီးတို့အား လှည့်လည်ကြည့် ရှုခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်ရေယာဉ် (ရန် တိုင်းအောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်)တို့မှ အမြောက် ၂၁ ချက်ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြုခဲ့ပြီး ဖရီဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ်(ကျန် စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)နှင့် အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များ က Single Line Formation ပုံစံဖြင့်လည်းကောင်း၊ အမြန်သွားကင်းလှည့် ရေယာဉ်များမှ Diamond Formation ပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက် အလေးပြုခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုမောင်းနှင်ချီတက်အလေးပြု ခဲ့ကြသည့် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင်ရေယာဉ်များတည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက် ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုအထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူအသီးသီးထံ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက်  ဂုဏ်ပြုအမှာစကားပြောကြားခဲ့ရာ-

· တပ်မတော်(ရေ)၏(၇၄)နှစ်မြောက် အခမ်းအနားတွင် တပ် မတော်(ရေ) အတွက် ဒုတိယမြောက်ရေငုပ်သင်္ဘောအပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်နိုင်ခဲ့သဖြင့် တပ်မတော် အတွက် ထူးခြားလေးနက်သည့် စွမ်းအားတစ်ရပ်ကို ထပ်မံ ဖြည့်တင်းပေးသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း။

· တပ်မတော်(ရေ)ကို ပထမအဆင့်အနေဖြင့် မြန်မာ့ပင်လယ် ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်ပေး နိုင်ရေးအတွက် သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက် ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်မျှော်မှန်းပြီး တည်ဆောက်ပေးရာတွင် ရေငုပ် သင်္ဘောတပ်ဖွဲ့ တည်ဆောက်ပေးနိုင်ရန်၊ စစ်ရေယာဉ်များ တည်ဆောက်ဖြည့်တင်းနိုင်ရန်၊ လူသားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် လိုက်လျောညီထွေဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

· ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ဆောက်ရေးအတွက် ယခင်တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကတည်းက လူသားအရင်းအမြစ်များကို ကြိုတင်ပြင်ဆင်မှုအနေဖြင့် လေ့ကျင့်မှုများကို ဆောင်ရွက်နိုင် ခဲ့ခြင်းကြောင့် ရေငုပ်သင်္ဘောတပ်ဖွဲ့လက်တွေ့တည်ဆောက် ရာတွင် အသင့်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း။

· ရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ရေတပ်သင်္ဘောကျင်းများအား အဆင့်ဆင့် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့၍    အဆိုပါရေတပ်သင်္ဘောကျင်းများမှ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စစ်ရေယာဉ် ၈၈ စီးကို တပ်တော်ဝင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ယနေ့တပ်တော်ဝင်သည့် စစ်ရေယာဉ်များအပါ အဝင် စုစုပေါင်း ၉၄ စီးကို တပ်တော်ဝင်နိုင်ခဲ့ကြောင်း။

· မိမိတို့စစ်ရေယာဉ်များအနေဖြင့် တစ်စီးချင်းတိုက်ပွဲဝင်ရာ တွင် Capability ပိုကောင်းသည့် တိုက်ပွဲဝင်စစ်ရေယာဉ်များဖြစ်စေရေးနှင့် စွမ်းရည်ထက်မြက်သည့် တိုက်ပွဲဝင်စစ် ရေယာဉ်များဖြစ်စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

· တပ်မတော်(ရေ) အတွက် Deck officer များ Deck Crew များ၊ သင်္ဘောအင်ဂျင်ခန်းတွင် တာဝန်ထမ်းဆောင်မည့်သူ များကို လေ့ကျင့်မွေးမြူပေးလျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း သင်္ဘောတည်ဆောက်ရေးနှင့်ပတ်သက်ပြီး Navy Architect နှင့် Ship Construction ပညာရပ်များသင်ယူနိုင်ရန် လူသားအရင်းအမြစ်များကို ပြည်ပနိုင်ငံများသို့ ပညာ တော်သင်များ စေလွှတ်ခြင်းနှင့် လက်တွေ့လေ့ကျင့်ပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

· ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများအား တပ်ဖွဲ့များ အလိုက် စစ်ဆင်ရေးများအပြင် ပြည်ပနိုင်ငံများနှင့် ပူးတွဲလေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိ ကြောင်း။

· တပ်မတော်(ရေ)တွင် အမျိုးသားစစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့၍ အဆိုပါအမျိုးသမီးအရာရှိများကို စစ်ရေယာဉ်များတွင် တာဝန်ပေးပြီး လိုက်ပါဆောင်ရွက်နိုင်ခဲ့  သဖြင့် လူသားအရင်းအမြစ်များ အထိုက်အလျောက် ပြည့် စုံတိုးတက်လာပြီဖြစ်ကြောင်း။

· မိမိတို့တပ်မတော်သားများသည် အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်နေကြရသူများဖြစ်သည့်အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးသည် အထူးအရေးကြီးကြောင်း၊ သာမန်အချိန် သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်ချိန် အလေ့အကျင့်များသည် ပင်လယ် ပြင်တွင် ခရီးသွားတာဝန်ထမ်းဆောင်ရာ၌ အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း။

· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက် ခဲ့ရာတွင် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများရှိ သွားလာရေးခက်ခဲပြီး ရေလမ်းခရီးကိုသာ အားပြုနေထိုင် နေရသည့် အရပ်ဒေသမှ တိုင်းရင်းသားပြည်သူများအတွက် ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင်အပါအဝင် အခြားလိုအပ်သည့်ပစ္စည်းများကို စစ်ရေယာဉ်များနှင့် သယ် ယူပို့ဆောင်ရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ပေး နိုင်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြု ချီးကျူးပါကြောင်း။

· တပ်မတော်သားများအနေဖြင့် မိမိတို့တစ်ဦးချင်း၏ သွားလာနေထိုင်ပြောဆိုမှု လုံခြုံရေး၊ မိမိတာဝန်ထမ်းဆောင်နေသည့် တပ်၏လုံခြုံရေး၊ တပ်မတော်၏လုံခြုံရေးတို့ကို သတိပြုရမည်ဖြစ်ပြီး ရှင်သန်ရပ်တည်နေထိုင်နေကြရသည့် နိုင်ငံတော်၏ လုံခြုံရေးကိုပါ တစ်ဦးချင်းအသိစိတ်ဓာတ်များဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

· မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များ စောင့်ရှောက်ကာကွယ်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြုစီးပွားရေးလုပ်ငန်းများ (O-cean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော် လာမည့်ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုမှန်သမျှကို တွန်း လှန်ကာကွယ်ရေးသည် တပ်မတော်(ရေ)၏ အဓိကတာဝန် ပင် ဖြစ်ကြောင်း။

· ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်)ကို လေ့ကျင့် ရေးဆောင်ရွက်ရန် အဓိကထားသော်လည်း လိုအပ်ပါက စစ်ဆင်ရေးတာဝန်များကိုလည်း ထမ်းဆောင်နိုင်ရန်အလို့ငှာ ၎င်းကို လေ့ကျင့်ရေးတာဝန်များအပြင် နိုင်ငံ၏ပိုင်နက် ရေပြင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အကျိုးရှိစွာအသုံးချသွားရန်လိုကြောင်း။

· မြစ်တွင်းအမြန်သွား ကင်းလှည့်ရေယာဉ်များကိုလည်း မြစ် တွင်းသယ်ပို့တာဝန်ထမ်းဆောင်နိုင်ရန်၊ ဘက်စုံသုံးရေယာဉ် အဖြစ် အသုံးပြုနိုင်ရန်နှင့် မြစ်တွင်းစစ်ဆင်ရေးများတွင် လျင်မြန်စွာလှုပ်ရှားနိုင်ပြီး ပစ်အားနှင့်စစ်ကစားနိုင်ရန် ရည် ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း။

· ထိုကဲ့သို့ စစ်ရေယာဉ်များကို တည်ဆောက်နိုင်ရေး၊ တာဝန် ထမ်းဆောင်နိုင်ရေးတို့အတွက် တည်ဆောက်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် (ရေ)မှ တာဝန် ရှိသူများ၊ အင်ဂျင်နီယာများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ် သည်များအားလုံးကို ချီးကျူးမှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖြင့် ပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ဧရာဝတီရေတပ်စခန်း ဌာနချုပ်ရှိ (၇၄)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တပ်မတော် (ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ် စခန်းဌာနချုပ်အလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများ  အား လှည့်လည်ကြည့်ရှုကြပြီးနောက် တပ်မတော် (ရေ) စစ်တီးဝိုင်းတပ်ဖွဲ့၏ တီးမှုတ်ဖျော်ဖြေမှုများ၊ ပဒေသာကပွဲများ၊ တိုင်းရင်းသားရိုးရာ တေးသီချင်းအကအလှတို့ဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပါသည်။

  • တပ်မတော်(ရေ)၏ (၇၄)နှစ်မြောက်အခမ်းအနားတွင် တပ်မတော်(ရေ)အတွက် ဒုတိယမြောက် ရေငုပ်သင်္ဘော အပါအဝင် စစ်ရေယာဉ်များတပ်တော်ဝင်နိုင်ခဲ့သဖြင့် တပ်မတော်အတွက် ထူးခြားလေးနက်သည့် စွမ်းအားတစ်ရပ်ကို ထပ်မံဖြည့် တင်းပေးသည့် နေ့တစ်နေ့ပင်ဖြစ်။
  • တပ်မတော်(ရေ)ကို သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ် မျှော်မှန်းပြီး တည် ဆောက်ပေးရာတွင် ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ဆောက်ပေးနိုင်ရန်၊ စစ်ရေယာဉ်များ တည်ဆောက်ဖြည့်တင်းနိုင်ရန်၊ လူသားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် လိုက်လျောညီထွေဆောင်ရွက်ခဲ့ခြင်းဖြစ်။
  • ရေတပ်သင်္ဘောကျင်းများမှ ၂၀၁၁ ခုနှစ်မှစ၍  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်အထိ စုစုပေါင်းစစ်ရေယာဉ် ၉၄ စီး တပ်တော်ဝင်နိုင်ခဲ့။
  • စစ်ရေယာဉ်များအနေဖြင့် တစ်စီးချင်းတိုက်ပွဲဝင်ရာတွင် Capability ပိုကောင်းသည့် တိုက်ပွဲဝင်စစ်ရေယာဉ်မျာဖြစ်စေရေးနှင့် စွမ်းရည်ထက်မြက်သည့် တိုက်ပွဲဝင်စစ်ရေယာဉ်များဖြစ်စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်။
  • တပ်မတော်(ရေ)အတွက် Deck officer များ Deck Crew များ၊ သင်္ဘောအင်ဂျင်ခန်းတွင် တာဝန်ထမ်းဆောင် မည့်သူများကို လေ့ကျင့်မွေးမြူပေးလျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း သင်္ဘောတည်ဆောက်ရေးနှင့်ပတ်သက် ပြီး Navy Architect နှင့် Ship Construction ပညာရပ်များ သင်ယူနိုင်ရန် လူသားအရင်းအမြစ်များကို ပြည်ပ နိုင်ငံများသို့ ပညာတော်သင်များစေလွှတ်ခြင်းနှင့် လက်တွေ့လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ။
  • မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက်သယံဇာတအရင်းအမြစ်များ စောင့်ရှောက်ကာကွယ်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ (Ocean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော်လာမည့် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုမှန်သမျှကို တွန်းလှန်ကာကွယ်ရေးသည် တပ်မတော်(ရေ)၏ အဓိကတာဝန်ဖြစ်။
  • ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်)ကို လေ့ကျင့်ရေးတာဝန်များအပြင် နိုင်ငံ၏ပိုင်နက် ရေပြင်ကာကွယ်ရေး လုပ်ငန်းများတွင်လည်း အကျိုးရှိစွာ အသုံးချသွားရန်။
  • စစ်ရေယာဉ်များကို တည်ဆောက်နိုင်ရေး၊ တာဝန်ထမ်းဆောင်နိုင်ရေးတို့အတွက် တည်ဆောက်ရေး တာဝန် များကို ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ အားလုံးကို ချီးကျူးမှတ်တမ်းတင်ဂုဏ်ပြုခဲ့။